MNP ၊ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာ ရုံးအဆောက်အဦးများ ရုံးတွင်း ရုံးပြင်သန့်ရှင်းရေးကို အားထည့်ဆောင်ရွက်ကြရန်၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ပြည်သူများအနေဖြင့် မိမိအိမ်ရှေ့သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများပိတ်ဆို့မှုမဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်ကြရန်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ပြီး လိုအပ်သည်များကိုပံ့ပိုးဆောင်ရွက်ကြရန်၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်တို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment