ဒဂုံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲတို့ကို ဒဂုံတက္ကသိုလ်ရှိ အရှေ့တိုင်းပညာဌာနတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။


ဦးစွာ သင်တန်းဆင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးမျိုးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့ပြီးနောက် တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ဒဂုံတက္ကသိုလ်ကြက်ခြေနီအ‌သင်းခွဲဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ဥမ္မာဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။


အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား သင်တန်းသား(၁၈၃)ဦးဖြင့် ဇူလိုင်လ ၂၄ ရက်မှ  ၂၇ ရက်အထိလည်းကောင်း၊ ရှေးဦးပြုစုခြင်း(သာမန်)သင်တန်းကို သင်တန်းသား/သူ(၂၈)ဦးဖြင့် ဇူလိုင်လ ၂၄ ရက်မှ ၃၁ ရက်အထိလည်းကောင်း ဖွင့်လှစ်ပေးခဲ့ရာ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၌ ထူးချွန်စွာ အောင်မြင်သူ (၅)ဦးနှင့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း၌ ထူးချွန်ခဲ့ကြသူ (၆)ဦးတို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)