သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး



MNP ၊  ဩဂုတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်ရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိ ​ပြည်သူများအား မိခင်နှင့်ကလေးကျန်းမာ​ရေးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာန (၁) ခုဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် သွားရောက်စမ်းသပ်၍ ဆေးကုသမှုခံယူခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကိုကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)