MNP ၊ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာရှိစေရန်အတွက် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးမင်းထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်မောင်းတစ်ဦး လိုက်နာရမည့်ဆောင်ရန်ရှောင်ရန် အချက်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက ကလေးသူငယ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကျောင်းတွင်းစည်းလုံးစွာ ပညာသင်ကြားနိုင်ရေး၊ ကလေးသူငယ် အခွင့်အရေးများနှင့် ကလေးသူငယ်ဥပဒေများကို လည်းကောင်း အသီးသီး အသိပညာပေးဟောပြောသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ ဒုရဲမှူးမိုးညို၊ အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment