မအီမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အာဟာရရက်သတ္တပတ်အနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအရွယ်ကျောင်းသား/ကျောင်းသူများအား သံကောင်ရောဂါ ကင်းဝေးစေရေးအတွက် သံချဆေးတိုက်ကျွေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ၌ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုယ်ကာယကျန်းမာနေရုံဖြင့် မလုံလောက်ဘဲ ကာယသုခ၊ စိတ်ဓာတ်သုခ၊ မိတ္တသုခတို့ပါ ကျန်းမာနေရန်လိုအပ်ကြောင်း၊ ထို့နောက် ဂျပန်ဦးနှောက်ရောင်ရောဂါလက္ခဏာများအကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ၊ သံကောင်ရောဂါမဖြစ်ပွားစေရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ(အခမဲ့) တိုက်ကျွေးပေးသည့် သံချဆေးများကို သောက်သုံးထားရန်လိုအပ်ကြောင်းနှင့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရန် လိုအပ်ကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိလျှင် ကူးစက်တတ်သောရောဂါများအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာကြသည့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးများ တိုက်ကျွေးပေးခဲ့သည်။ 


အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းများကို အာဟာရရက်သတ္တပတ်ကာလအတွင်း၌ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းများကလည်း အလားတူ ကျန်းမာရေး စောင့်ရှောက်ခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)