ပြည်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၉၆ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၉၆ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး





MNP ၊ ဩဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ဖြင့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ယနေ့မွန်းလွဲပိုင်းတွင် ပြည်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၉၆ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးရာတွင် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ပြည်အကျဉ်းထောင်မှူးနှင့် တာဝန်ရှိသူများအဖွဲ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများအား ဆုံးမဩဝါဒစကားများပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေအလိုက်လွတ်ငြိမ်းခွင့်ရအကျဉ်းသား/အကျဉ်းသူများကို ၎င်းတို့နေရပ်ထံပြန်လည်ရောက်ရှိရေး ကူညီဆောင်ရွက်ပေးကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ဦးတို့ကို ရာဇဝတ်ကျင့်ထုံဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ "နောက်ထပ်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်"ဟူသော စည်းကမ်းချက်များဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။


ကိုဆက်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)