ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၄၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၄၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး






MNP ၊ သြဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသား ချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်း ထောင်တွင်ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၄၄)ဦးအားယနေ့မွန်းလွဲပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့် ပေး လိုက်ကြောင်း သိရသည်။


ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက် အကျဉ်းသား/သူ(၄၄)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ“ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များ အပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက် ခြင်း ဖြစ်သည်။


ဆက်လက်၍လွတ်ငြိမ်းသက်သာခွင့်ရအကျဉ်းသား(၄၁)ဦးအကျဉ်းသူ(၃)ဦးအား  ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေး နှင့်တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြပြီးထောင်လွတ်လက်မှတ်နှင့် အတူ သတ်မှတ်ခရီးစရိတ်များ အား ထုတ်ပေးသည်။


ထို့နောက်အကျဉ်းထောင်များမှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအားလုံးကို လွတ်ပေးခဲ့ရာ အကျဉ်းထောင် အပြင်ဘက် တွင်မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးသားချင်းများ က  ဝမ်းပန်းတသာဖြင့်လာရောက် ကြိုဆိုလျက်ရှိ ကြောင်း သတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)