MNP ၊ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံရှိ အကျဉ်းထောင်းအသီးသီးမှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလီများသည် မိမိနေရပ်သို့ ပြန်လည် ပို့ဆောင်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ နေရသူ များအား လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများမှ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာ ၊ပေါင်းတုပ်ကျေးရွာ နှင့် ယဉ်သည်ကျေးရွာတို့မှ ဘင်္ဂလီအမျိုးသား စုစုပေါင်း (၅) ဦးအား စစ်တွေမြို့မှ မော်တော်ယဉ်ဖြင့် ရောက်ရှိလာရာ မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လက်ခံကြိုဆိုကြပြီးနောက် ၎င်း ကျေးရွာများမှ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အုပ်ထိန်းသူများထံ သို့ ကောင်းမွန်စွာအပ်နှံပေးခဲ့ ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment