မြောက်ဦးခရိုင် မြောင်းဘွေနယ်မြေမီးသတ်စခန်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် မြောင်းဘွေနယ်မြေမီးသတ်စခန်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ





MNP ၊  ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်တွင် ကမ္ဘာကြီးကို ကယ်တင်ဖို့ သစ်ပင်စိုက်ကြစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင်များစုပေါင်း၍ မြောင်းဘွေနယ်မြေမီးသတ်စခန်းရုံးဝန်းတွင် ယမန်နေ့က ကျင်းပ ပြုလုပ် ခဲ့သည်။


ထို့နောက် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစံထွန်း က ပျိုးပင်များပေး အပ်ခဲ့ပြီးနောက် မြို့နယ်အတွင်ရှိ သန္ဓေတပ်ဖွဲ့ဝင်များ၊မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီအဖွဲ့ဝင်များ စုပေါင်း၍ တပျော်တပါး စုပေါင်းသစ်ပင်များ စိုက်ပျိုး ခဲ့ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ဒေသအပူချိန် လှော့ချနိုင်စေရန် နှင့်ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မန်ဂျန်ရှား၊  သင်္ဂနက်   စသော အရိပ်ရအပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)