သီပေါမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်





MNP ၊  ဩဂုတ်  ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းမင်းဦးက ပုလဲဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာများကို မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၁၁) အုပ်စုမှ ကျေးရွာ (၄၀) ရွာရှိတောင်သူ (၁၆၄) ဦးတို့အား (၁) ဧကလျှင် (၅၀) ကီလိုဂရမ်ပါသည့် ပုလဲဓာတ်မြေဩဇာစုစုပေါင်း (၄၇၉) အိတ်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး တောင်သူများအားလုံးကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    


ခင်လေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)