ညောင်ရွှေမြို့၌ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့၌ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲပြုလုပ်





MNP ၊  ဩဂုတ်  ၁၆

ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်မြောက်စေရန်နှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ပြည်နယ်တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ဖွင့်လှစ်ပို့ချသည့် ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲကို ဩဂုတ် (၁၅) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်းက မြို့နယ်အတွင်းသင်တန်း သင်တန်းဖွင့်လှစ်ပို့ချပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် အပ်ချုပ်စက်များနှင့် သင်တန်းကြီးကြပ်သူများအတွက် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် စက်ချုပ်ရာတွင်အသုံးပြုရန် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးဦးချစ်ဇော်လင်းက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းဆရာမ ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။


၎င်းနောက် သင်တန်းသူများကိုယ်စား သူတန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါသင်တန်းကို ဒေသတွင်းရှိသင်တန်းသူ (၂၂) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အထိ ၁လကြာမြင့်ခဲ့ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)