မအီမြို့တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးပေး





MNP ၊  ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်   အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ 


 ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မအီမြို့ပေါ်ရပ်ကွက်များရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့သည်။


ဆက်လက်၍ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ မနက်ဖြန် ဩဂုတ်လ(၁၇)ရက်နေ့၌ မအီမြို့၊ အ ထ ကတွင် အာဟာရရက်သတ္တပတ်အနေဖြင့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)