ကျောက်ဆည်မြို့၌ ပဲမျိုးစုံဖူလုံပိုလျှံရေး ပဲစင်းငုံသီးနှံ(၁၆၉၁)ဧက စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ ပဲမျိုးစုံဖူလုံပိုလျှံရေး ပဲစင်းငုံသီးနှံ(၁၆၉၁)ဧက စိုက်ပျိုး


MNP ၊  ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲမျိုးစုံဖူလုံပိုလျှံရေး ပဲတီစိမ်း၊ ပဲစင်ငုံနှင့် အခြားပဲများ မျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲစင်ငုံ(၁၆၉၁)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ပဲစင်ငုံသီးနှံများကို အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး- ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင် -ရဲ- ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း- သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအကျေးရွာအုပ်စုများတွင် (၁၄၉၁)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ- သံရွာ- ခါးတက်ကုန်း- ဆူးလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း- ပေါင်လောင်- တောင်တော်-ကင်းကျေးရွာအုပ်စုများတွင် (၂၀၀)ဧက စုစုပေါင်း(၁၆၉၁)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် ပဲစင်းငုံသီးနှံစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  နည်းပညာများ စနစ်တကျ ကူညီပေးခဲ့ကြောင်း သိရသည်။


ပဲစင်ငုံသီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပဲစင်းငုံစိုက်ခင်းများတွင် ပဲတီစိမ်း၊ ဝါ၊ နှမ်းသီနှံများအား သီးညှပ်အဖြစ်တွဲဖက်ပြီး အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးပါက ပဲစင်ငုံအပင်များ အောင်မြင်ရေးအတွက် မြေဆွခြင်း၊ ပေါင်းလိုက်ခြင်းများနှင့် လိုအပ်သည့် ဖျန်းဆေးများ ဖျန်းပေးရကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)