PDF အကြမ်းဖက်သမားများ မှောင်ခိုသယ်လာသည့် ဘင်္ဂလီ ၁၄၃ ဦး သံဖြူဇရပ်တွင် ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ မှောင်ခိုသယ်လာသည့် ဘင်္ဂလီ ၁၄၃ ဦး သံဖြူဇရပ်တွင် ဖမ်းမိ





MNP ၊ သြဂုတ် ၁၁

သံဖြူဇရပ်မြို့နယ် ဝဲခမီကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက အခကြေးငွေယူ၍ ခေါ်ဆောင်လာသည့် ဖမြေသယ်ကား ၄ စီးပေါ်မှ ဘင်္ဂလီ ၁၄၃ ဦးအား ၁၁-၈-၂၀၂၃ ရက် နံနက် ၆:၃၀ ချိန် နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမြေသယ်ကား ၄ စီးပိုင်ရှင်များမှာ သံဖြူဇရပ်မြို့ပေါ်က အကြမ်းဖက်အားပေး လုပ်ငန်းရှင် ၂ ဦး၏ ကားများဖြစ်ပြီး ဘင်္ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ စက်လှေဖြင့်ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝတွင် ကပ်ကာ တစ်ပါကားများဖြင့်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ ဘင်္ဂလီများအား မြိုနယ်အုပ်ချုပ်ရေးအဖွဲ့က လူသားချင်းစာနာသောအားဖြင့် စားသောက်ဖွယ်ရာများစီမံပေးလျှက်ရှိကြောင်း သိရသည်။


Photo Crd -

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)