MNP ၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကေျာင်း ရွှေစင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးဦးကျော်ဇျေယျက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းတွင် အပြန်အလှန်ပါဝင် ဆွေးနွေးခြင်းအားဖြင့် မိမိတို့၍ ဉာဏစွမ်းရည်၊ စကားပြောစွမ်းရည်များ တိုးတက်လာခြင်း ၊အသိပညာဗဟုသုတကြွယ်ဝပြီး အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး လူချွန်လူကောင်းများ ဖြစ်လာစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပရာ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် Social Media၊ လူငယ်နှင့်ရွေးချယ်မှုစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်း သူများမှ သိရှိလိုသော အကြောင်းအရာများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ လူငယ်စကားဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး လူငယ်ရေးရာနှင့်ပတ်သက်သည့် စာအုပ်များ၊ သုတစာအုပ်နှင့်ရသ စာအုပ်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment