စစ်ကိုင်းမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ



MNP ၊  ဩဂုတ်  ၁၁

စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စစ်ကိုင်းခရိုင်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဆင့်က ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစေရန်နှင့်ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရျိကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများအားလုံး လက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းပြောကြားကာ ဒုတိယခရိုင် ကျန်းမာရေးဦးစီးမှူးက ကျောင်းကျန်းမာ ရေးသီတင်းပတ်လှုပ်ရှားဆောင်ရွက်ရခြင်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျောင်းကျန်းမာရေးသီတင်းပတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူများ အား တာဝန်ရှိသူများ ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ပြသထားသည့် ကျောင်းကျန်းမာရေးသီတင်းပတ် နံရံကပ်ပိုစတာများကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား အာဟာရဖြည့်ဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)