ရှေးဟောင်းအဆောက်အုံများ ပြုပြင်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းအဆောက်အုံများ ပြုပြင်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး




MNP ၊  ဩဂုတ်  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ပြီးစီးမှု အခြေအနေများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြု ပြင်ပြီးစီးမှု အခြေအနေများကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဦးညီမွန်း(ဒုတိယ ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ လက်ထောက်အင်ဂျင်နီယာများသည် ပြုပြင်ဆောင် ရွက်ပြီးစီးသည့် ရှေးဟောင်းအဆောက်အအုံအမှတ် ၁၃၃၉ ၊ အမှတ် ၁၂၂၈ ဘုရားစု ၊ အမှတ် ၁၂၀၄ ၊ အမှတ် ၉၈၇ ၊ အမှတ် ၉၉၈ ၊ အမှတ် ၄၅၈၊ အမှတ် ၆၉၇ ၊အမှတ် ၆၆၇ နှင့် ရေစီးလမ်းကြောင်းဖော်ထုတ်နေမှုများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာ ကြားခဲ့ကြောင်း ရှေး ဟောင်သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန် ရှိသူများထံကသိရ သည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)