တာမွေမြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး






MNP ၊  ဩဂုတ်  ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းရှိ မေတ္တာပုညကာရီဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌ အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ ကျွန်မတို့ရဲ့ ရင်သွေးငယ်လေးတွေ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့  ပြောချင်ပါတယ်။ ဒါ့အပြင် အခုလို ကွင်းဆင်းပြီးဆောင်ရွက်ပေးတာကြောင့် မြို့နယ် ကျန်းမာရေးဌာနအထိ သွားရောက်စရာမလိုတော့တဲ့အတွက် သွားရေးလာရေးမှာလည်း များစွာအဆင်ပြေပါတယ် ” ဟု ကလေး မိဘတစ်ဦးကပြောသည်။


ထိုသို့ တာမွေမြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ အသက်ငါးနှစ်‌အောက် ကလေးငယ်(၉၁)ဦးအား ဗီတာမင် (အေ)ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်ခြောက်ဦးအား သံဓာတ်အားတိုးဆေးနှင့် ဗီတာမင်(ဘီဝမ်း)ဆေးပြား တိုက်ကျွေး ခြင်းအပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)