မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်






MNP ၊  ဩဂုတ်  ၂၂

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ် မုတ်သုန်ဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက Color ball ရိုက်ပြီး ပြိုင်ပွဲကို အားပေးဂုဏ်ပြုခဲ့ကြကာ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၏ ဝင်ရောက် ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်ပြီး ဆုချီးမြှင့်အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊  နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အကြိုးစား ဆုံးအားကစားသမားဆု၊  ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမား ဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ၂၀၂၃ခုနှစ်  မိုးရာသီမုတ်သုန် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန် ၂၄ မှ ဩဂုတ် ၂၀ ရက်နေ့ အထိ မော်လမြိုင််မြို့၊ ငန်းတေးဂေါက် ကလပ်၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်တော်များနှင့်  အမျိုးသား၊ ဂေါက်သီးရိုက်အားကစားသမားများ   ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲပုံစံ Handing Cap Stroke ပုံစံဖြင့် ကျင်း (၁၈) ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)