မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခြေခံမော်တော် ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်း ပို့ချလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခြေခံမော်တော် ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်း ပို့ချလျှက်ရှိ





MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြား ပို့ချသော အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (ပထမအကြိမ်) သင်တန်း ကို ဩဂုတ်လ ၁၈ ရက်နေ့ မှစတင်၍ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာတွင် ကျင်းပခဲ့ ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ပန်းကြာမုံက လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးရေးစီမံကိန်းတွင် ကျေးလက် နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်  နှင့် ကျောင်းပြင်ပရောက်ရှိနေသော ကလေးများအား မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုး တက်ရေး၊ အန္တရာယ်ရှိသောအလုပ်အကိုင်များတွင် ကလေးအလုပ်သမားများပပျောက်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်မည် ဖြစ်သည်။


ထို့နောက် သင်တန်းနည်းပြက အင်ဂျင်အစိတ်အပိုင်း ပြုပြင်နည်းများ၊ မော်တော်ဆိုင်ကယ် ကိုယ်ထည် ပြုပြင်တပ်ဆင်နည်းများကို သင်ကြားပေးမည်ဖြစ်၍ သင်တန်းကာလမှာ (၁၈-၈-၂၀၂၃) ရက်နေ့ မှ (၁၆-၉-၂၀၂၃) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်၍ ၎င်းသင်တန်းပြီးမြောက်ပါက သင်တန်း သူထူးချွန်သူ(၅) ဦးကို ရွေးချယ်၍ နိုင်ငံတော်မှ တစ်ဦး လျှင် ငွေကျပ်(၁၀) သိန်း နှင့်ညီမျှသော  ထောက်ပံ့ပစ္စည်းများ ပေးအပ်သွား မည်ဖြစ် ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)