ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ် နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ ၊ စာအုပ်စာစောင် နှင့် ဓါတ်ပုံပြပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ် နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ ၊ စာအုပ်စာစောင် နှင့် ဓါတ်ပုံပြပွဲကျင်းပပြုလုပ်




MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ကြီးမှူး၍  လူငယ် နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင် နှင့် ဓါတ်ပုံပြပွဲကို ယမန်နေ့ ညနေ ပိုင်းက လူထုအခြေပြုဗဟိုဌာန ၊ Community Center ခန်းမတွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး)ဦးမြင့်ခိုင်ကအသိပညာပေးဟောပြောရာတွင်  လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ၊ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြတ်စေရေး ၊ စဉ်းစားတွေးခေါ်မှုမြင့်မားစေရေး  ပါဝင်ဆွေးနွေးတတ်စေရေး ၊ နိုင်ငံ့ခေါင်းဆောင် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ခင်းကျင်း ပြသ ထားသော  စာအုပ်စာစောင်များ ၊ နံရံကပ်စာစောင် နှင့် ဓါတ်ပုံပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ် ၊  ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက် ၁၂ ရပ် ပါအကြောင်း အရာ များ ၊ မုန်တိုင်းဘေးခံစားခဲ့ရသော ကျေးရွာများတွင် နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုမှတ်တမ်း ဓါတ်ပုံ များ၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော ဆောင်းပါးများ ၊ အသိပညာဗဟုသုတ ရရှိနိုင်မည့် စာစောင်များ ၊ ဌာန စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအား ကျောင်း သား ၊ကျောင်းသူများက စိတ်ပါဝင် စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ 


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက် ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး)နှင့် ဝန်ထမ်းများ ၊ ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရ သည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)