ပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီသို့ သွားရောက်လေ့လာ


MNP ၊  ဩဂုတ်  ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ”သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲတွင် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်၌ တည်ရှိသော  ယူနန်ပန်တက်စ် နည်းပညာကုမ္ပဏီ (Yunnan Pan Test Technology Company) သို့ သွားရောက်လေ့လာရာ ကုမ္ပဏီမှတာဝန်ရှိသူများက လယ်ယာထွက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေကို လိုက်လံရှင်းလင်းပြသသည်။

ပြည်ထောင်စုဝန်ကြီးက ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ  တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)