ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ





MNP ၊  ဩဂုတ်  ၁၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်/ နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှသာ ပညာရေးသာမက အားကစားတွင် ထူးချွန်ထက်မြက်အောင်မြင်သူများ ဖြစ်လာနိုင်ကြောင်း၊ ယခင်က အားကစားတွင် “စည်းကမ်းသည် ပထမ၊ စံချိန်သည် ဒုတိယ” ဟူသည့်ဆောင်ပုဒ်အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး မိမိရောက်ရှိ တာဝန်ယူချိန်မှစ၍ ကျန်းမာရေးကောင်းမွန်မှသာ အရာအားလုံးကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည်ဒုတိယ၊ စံချိန်သည် တတိယ”ဟု ပြောင်းလဲပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသား/သင်တန်းသူများ၊ ဆရာ/ဆရာမများအနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အားကစားကွင်း/အားကစားရုံများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ အသုံးပြုရန် လိုအပ်ပါက အားကစားနှင့်ကာယပညာဦးစီးဌာန  တိုင်း/ခရိုင်/မြို့နယ်များမှ အားကစားမှူးများ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း၍ အသုံးပြုနိုင်ကြောင်း၊ လိုအပ်သည့်အားကစား အထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ FRIENDSHIP POWER ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘောလုံးအားကစားကွင်းတွင် မြက်အသစ် စိုက်ပျိုးနိုင်ရေးအတွက် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြားပစ်အားကစားလေ့ကျင့်ရေးကွင်းတွင် မြန်မာ့ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားသမားများအား ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ အောင်မြင်မှုရရှိစေရန် မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)