၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်


MNP ၊  ဩဂုတ်  ၁၉

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါတိုင်း တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံများပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်လည်း ခွန်အားဖြစ်စေရန်နှင့် မိမိတို့အသင်း၏ အခြေအနေများ တိုးတက်မှုကို သုံးသပ်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ခဲ့သည့်အပြင် ခြေစမ်းပွဲများပြုလုပ်နိုင်ခဲ့သဖြင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားနည်းများအား ပြန်ကြည့်မည်ဆိုပါက အမျိုးသမီးဘောလုံးအသင်းသည် အောင်မြင်မှုပိုမိုရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိအသင်း နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်လည်းလိုပါကြောင်း၊ ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် အချိတ်အဆက်မိမိ ယှဉ်ပြိုင်ရန်လိုအပ်သည့်အပြင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ မှာကြား ချက်များကိုလည်း နာယူမှတ်သား၍ ပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရှိရန် အင်တိုက်အားတိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အောင်မြင်မှုများရရှိပါစေကြောင်း အားပေးအမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအသက် (၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း (၂၂) ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)