သံတွဲမြို့၌ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်




MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊သံတွဲမြို့၌ အပတ်စဉ်စနေနေ့တိုင်းမြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်ရေး ဆောင်ရွက် ခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၆)ရပ်ကွက်ရှိ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများစုပေါင်း၍  အမှတ်(၆)ရပ်ကွက်ရှိ မူလတန်းကျောင်း ခြံဝန်းအတွင်းရှိ  ခြုံနွယ်သစ်ပင်များ၊ မြက်များအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)