မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ် အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ် အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်




MNP ၊  ဩဂုတ်  ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စက်ရုံရပ်ကွက်တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တိုင်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ် အဆောက်အဦ တည်ဆောက်ရေးအခြေအနေနှင့်ပတ်သက်၍ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)