တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ် နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ် နှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများပိုမိုထိရောက်စေရေး ၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကြိုတင် ကာကွယ်ရေး ၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး သွန် လဲ စစ် နှင့် အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန် ချောင်းကောက်ရပ်ကွက်၊မေပိုးဝါလမ်း ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ခြင်ကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါနှင့် ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ပိုးလောက်လန်းများနှင့် ခြင် များအလွယ်တကူပေါက်ပွားနိုင်သည့် ရေအိုင်ရေစပ်များ ၊ ရေတွင်းရေကန်များ ၊ ကြာရှည်သိုလှောင်ထိန်း သိမ်းထားနိုင်သည့် ရေးပုံးများကို အဘိတ်ဆေးခတ်ခြင်း ၊ ဘုရားပန်းအိုးများရေလဲလှယ်ရန်အသိပညာပေး ခြင်း စသည့်လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီမှ အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


ထို့သို့စုပေါင်းဆောင်ရွက်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ ကြေကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)