နေပြည်တော် (၈)မြို့နယ် ပူးပေါင်း၍ (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် (၈)မြို့နယ် ပူးပေါင်း၍ (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေး ဆွေးနွေး




MNP ၊ သြဂုတ် ၁၉

၁၃၈၅ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော် (၈)မြို့နယ် ပူးပေါင်း၍ ခမ်းနားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ဆွေးနွေးပဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးတွင် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ဆွေးနွေးခဲ့ကြသည်။

(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို (၈)မြို့နယ်မှ ပူးပေါင်း၍ လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အခမ်းအနားအစီအစဉ်များကို ကျောင်းတိုက်အတွင်း ကျင်းပဆောင်ရွက်မည်ဖြစ်သည်။

ဆက်လက်၍ လှည့်လည်ခြင်းအခမ်းအနားကို လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းတိုက်မှ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်ထားသည့် နေပြည်တော်ဘုရားကြီး(မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး) အထိ ယာဉ်တန်းဖြင့် လှည့်လည်ပူဇော်၍ နေပြည်တော်ဘုရားကြီးတွင် ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်းများကို ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားဖြစ်မြောက်ရေး ဆွေးနွေးပွဲတွင် တပ်ကုန်းမြို့၊ ရှောက်ကုန်ဆရာတော်ဘုရားကြီးမှ သြဝါဒမိန့်ကြားပြီး မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များက ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြပြီး အတည်ပြုချက်များ ရယူကြသည်။ အခမ်းအနားအတွက် မတည်ရန်ပုံငွေအဖြစ် ဆရာတော်သံဃာတော်များနှင့် အလှူရှင်ပရိတ်သတ်များက စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ကြပြီးနောက် အစည်းအဝေးကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။


(နိုင်ငံတော်ဘာသာနေ့ အခမ်းအနားအတွက် ထည့်ဝင်လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးကေလာသနှင့် ရှေးဟောင်းကျောင်းတော်ကြီး၊ ကျောင်းထိုင်ဆရာတော် ဦးပညာ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။)


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)