တောင်ကုတ်မြို့၌ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့် စစ်သည် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍အမှတ်(၁)၊အခြေခံပညာအထက်တန်း‌ကျောင်း တွင် စုပေါင်း‌ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ် တပ်နယ်မှအရာရှိနှင့်စစ်သည်များ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းကျောင်းခြံအတွင်းရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း နှင့်ရေစီးရေလာကောင်းမွန်ရေး တို့အတွက်အမှိုက်များရှင်းလင်းခြင်း များကို  စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ရောက်ရှိစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)