​ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ






MNP ၊  ဩဂုတ်  ၁၆

   ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ( Book Club) အဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပကြသည်။

 ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ​မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စာဖတ်ဝိုင်းတွင် (Book Club)  အဖွဲ့ဝင် မောင်မောင်ထွန်း၊မောင်ဝင်းနိုင်ထွန်း ၊ မခိုင်ခိုင်ဦး တို့က စာရေးဆရာ ကျော်ဝင်း ရေးသားသော တိုင်းပြည်တည်ဆောက်ရေး နှင့် နိုင်ငံတည်ဆောက်ရေး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။


ထို့​ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ လူငယ်စကားဝိုင်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင်တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။



ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)