မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP ၊  ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ ဝေးခန်းမ၌  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မိုခါမုန်တိုင်း တိုက်ခတ် ပြီးနောက်ပိုင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်သောကြောင့် ရေတွင်း၊ရေကန်များ၌ ရေများ ဝင်ရောက်၍ ဝမ်းလျော့၊ဝမ်းပျက်ရောဂါများ မဖြစ်ပေါ်စေရန် သောက်သုံးရေကန်များ၌ ရေသန့်ဆေးပြားများခတ်ခြင်း၊ ရပ်ကွက်ကျေးရွာများ၌ ရေသန့်ဆေးပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးဆောင်ကြရန်၊ ယခုအခါ မိုးရာသီကာလဖြစ်၍ မြောက်ဦး မြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လာလျှင် အချိန်နှင့်တပြေးညီ ပြည်သူများကို အသိ ပေးနှိုး ဆော်ခြင်း နှင့် ဘေးလွှတ်ရာသို့ ပြောင်းရွှေရာတွင် သက်ဆိုင်ရာဌာန များ မှ ဝိုင်းဝန်း လုပ် ဆောင်ကြရန် ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ရဲမှူးကြီး ခင်မောင်စိုး ကလည်း မြောက်ဦး မြို့ပေါ် ရပ်ကွက် အတွင်းရှိ လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိ နိုင်ရှိနိုင်ရန်အတွက်  အသိပညာ ပေးလုပ်ငန်းများကို ဆက်ဆပ်ဌာန များ နှင့် ပူးပေါင်း လုပ် ဆောင်လျက်ရှိသည် တို့ကိုပြော ကြားခဲ့သည်။

 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)