MNP ၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Com munity Centre) ခန်းမ၌ ကျောင်း သားကျောင်းသူများ အသိပ ညာ ဗဟုသုတတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့် သန်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းရည် ရွယ်ချက်နှင့် စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများရရှိစေရန်ကလေးတို့အတွက် မြန်မာစကား ပုံများ စာအုပ်မှ ပုံပြင်များကို တစ်ဦးချင်းဖတ်ရှုစေပြီးစကားပုံပါအကြောင်းအရာများကိုတစ်ဦးချင်းစီအားဆွေးနွေးရန်ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း၌ ကျောင်း သား မောင်သက်ပိုင်စိုးက ကျွဲပါးစောင်းတီး၊ နွားကွဲ ကျားကိုက်၊ သူခိုးပြေးမှ ထိုးကွင်းထ ပုံပြင်များကို ဖတ်ကြားဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား မောင် သူရ၊ ကျောင်းသူ မခိုင်ဇာလင်း၊ မဇာခြည်၊ မလင်းလင်း တို့က သဲထဲရေသွန်၊ လယ် ထွန်သားနွားမေ့၊ လသာတုန်း ဗိုင်းငင်၊ အရိပ်ပြ အကောင်ထင်၊ သစ်ပင်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ ပုံပြင်များကို ဖတ်ကြား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်း သားကျောင်း သူများသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment