လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု


MNP ၊ ဩဂုတ် ၁၆

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် ပြုထားသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာရာ ယမန်နေ့က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၄ စီး၊ Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD D1 အမျိုးအစား လျှပ်စစ်သုံးယာဉ် အစီး ၂၀ ၊ BYD Tang အမျိုးအစား လျှပ်စစ်သုံးယာဉ် သုံးစီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် ၃၇ စီးနှင့် The Golden Octopus Co., Ltd.မှ တင်သွင်းလာသော Segway အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ၄၈ စီး ကို ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

 အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)