မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နှင့် ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နှင့် ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပ






MNP ၊  ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က ကျောင်းသား ၊ကျောင်းသူများ ကျောင်းစာအပြင် ဗဟုသုတရရှိစေရန် စာပေဖတ်ရှု လေ့လာ ကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ၊အတတ်ပညာများ ရရှိကာ အမှား / အမှန် ကို စေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း စသော အကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။


ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ  အား ဆက်လက်ကျင်းပရာ မူလတန်းအဆင်းနှင့် အလယ်အဆင့် ကျောင်းသား၊ကျောင်းသူ(၂၀) ဦးဝင်ရောက်ယဉ်ပြိုင်ကြရာ ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများ ကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး ခြင်းကြောင့် အလိမ္မာစာမှာရှိ ဆို သည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့် တိုက်နှင့်ရင်နှီးထိတွေ့မှုရှိစေခြင်း၊ စာအုပ်၊ စာပေများနှင့်လည်းရင်းနှီးမှုရှိစေရန်အတွက် ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)