MNP ၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အ မျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ် ငန်းသင်တန်းကျောင်းနှင့်ပူးပေါင်း၍ယနေ့နေ့လည် အချိန်တွင်စာဖတ် ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကိုအ မျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ် ငန်းသင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက သင်တန်းသူလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ ဖြိုးတိုး တက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊သင်တန်းသူလူ ငယ်များသင်တန်းပြီးဆုံးပြီးက မိမိဒေသအခြားအခြားသောနေရာဒေသတို့၌တာ
ဝန်ထမ်းဆောင်နေစဥ်ကိုယ်တိုင်လေ့လာခြင်းဖြင့်တိုးတက်မှုရရှိအောင်မြင်အောင် ပြုလုပ်ခြင်း၊အသစ်တဖန် ဆန်းသစ်ခြင်း စဉ်ဆက်မပြတ်တိုး တက်မှုကိုရယူနိုင်ပြီး အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲ အ မှားများမှ သင်ခန်းစာယူကာလေ့လာသင်ယူခြင်း ဖြင့် မိမိတို့၏ဘဝအတွက်ပိုမိုကောင်း မွန်သော ရည်မှန်းချက်သို့ လှမ်းတက်နိုင်စေရန် ၊ဝိုင်းဖွဲ့ဦး ဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေပြီးစဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ် ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကိုကျင်းပ ပေးခဲ့ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အ မျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ် ငန်းသင်တန်းကျောင်းအမှတ်စဉ်( ၆)မှ သင်တန်းသူများကကြိုက်နှစ်သက်ရာစာအုပ်များအားဖတ်ရှုစေပြီး သူတို့အမြင်များအားအပြန် အလှန်ဆွေးနွေးကြကာ စာအုပ်ပါအ ကြောင်းအရာများမှသိရှိလိုသည်များအားမေးမြန်းရာ ဦးစီးအရာရှိ ဦးစန်းဝင်းကအကြောင်းအရာတစ်ခုချင်းစီအားခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီးပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညားေပးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ် ရေး အသိပညာပေးနံရံကပ်စာစောင်ပါအကြောင်းအရာများအားရှင်းလင်းပြောကြားကာ သင်တန်းသူများအား "လူပြောတိုင်းအယုံမလွယ်မိစေရန်နှင့် ငွေရလွယ်သောနည်းလမ်းများကိုသတိထားရှောင် ရှားကြရန်"သတိပေးစကားများပြောကြားခဲ့ကြောင်းသိရသည် ။
https://t.me/MyanmarNationalPost





No comments:
Post a Comment