ပုဏ္ဏားကျွန်းမြို့နယ်၌ အဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ် အထိမ်းအမှတ်၊ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ အဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ် အထိမ်းအမှတ်၊ အခမ်းအနားကျင်းပ








MNP ၊  ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ် အထိမ်းအမှတ်၊ အခမ်းအနားကို ယနေ့၊ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းက မိခင်များ နို့ချိုတိုက်ကျွေးရေးနှင့်အဟာရဖွံ့ဖြိုးတိုးတက်ရေး အရေးပါပုံကို ပြည်သူလူထုများ ပိုမိုသိရှိ လာစေပြီး၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များ၏အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။


ထိုနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိ သူများက တက်ရောက်လာကြသော ကိုယ်ဝန် ဆောင်မိခင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး၊ ခင်းကျင်းပြသထားသော အစာအုပ်စု(၃)အား လှည့်လည်ကြည့်ရှုကာအသက်(၅)နှစ်အောက် ကလေး ငယ်များအား ဗီတာမင်(အေ) ဆေးလုံးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)