မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၆)ကျောင်း ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၆)ကျောင်း ယာယီပိတ်ထား



MNP ၊  ဩဂုတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၆) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဩဂုတ် ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။


မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာ ကျောင်းများမှာ ဟင်္သာချောင်ကျေးရွာအုပ်စုရှိ အ.မ.က(ခွဲ) ရင်းနှောင်းကုန်း၊ ရှားတောကျွန်းကျေးရွာအုပ်စုရှိ အ.မ.က(ခွဲ)အောင်မင်္ဂလာ၊ စပယ်‌မျှောင်ကျေးရွာအုပ်စုရှိ အ.မ.က(စိန်တိုင်)၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စုရှိ အ.မ.က(ခွဲ) အင်းတ္တော်လုပ်နှင့် အ.လ.က(ခွဲ)မကျီးကုန်း-၁၊ အိုးဘိုကျွန်းကျေးရွာအုပ်စုရှိ အ.မ.က(ခွဲ) အောင်မြင်သာယာကျောင်းတို့ဖြစ်ပြီး ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ စာသင်ချိန် သင်ခန်းစာများ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)