MNP ၊ ဩဂုတ် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဆင်းပွဲကို ကျုံကကျေးရွာ တိုက်ကျောင်း၌ ယနေ့နံနက် (၁၁)နာရီကသင်တန်းဆင်းခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး နည်းပညာ ဦးအောင်ဝေထွန်း က အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ရခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါ်ထွက်လာရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ယခုသင်တန်းကို ပြီးစီးသည်အထိတက်ရောက်ပေးကြလို့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ် က အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ရခြင်းဖြင့် ကျေးလက်နေပြည်သူများ အပိုဝင်ငွေများရရှိသွားမည်ဖြစ်ကြောင်း ယခုအချိန်အခါသည် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့်အချိန်တွင် လူနေမှုစနစ်တဖြည်းဖြည်း တိုးတက်လာကာ သစ်၊ဝါးများအစား အုတ်ဖြင့်ဆောက်လုပ်သည့်အိမ်များကိုသာ အသုံးပြုလာသည့်အတွက် အုတ်ဘလောက်ရိုက်နည်းသင်တန်းတက်ရောက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများတိုးပွားလာတော့မှာဖြစ်တဲ့အတွက် ဝမ်းသာပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်တာဝန်ရှိသူများကသင်တန်းသား (၃၀)ဦး အားသင်တန်းဆင်းလက်မှတ်နှင့်လက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကကျေးဇူးတင်စကားပြောကြားခဲ့သည်။အဆိုပါသင်တန်းကို ဩဂုတ်လ(၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၇) ရက်ကြာသင်ကြားပြသခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment