ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် မြန်အောင်ခရိုင် ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်းအောင်မြင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် မြန်အောင်ခရိုင် ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်းအောင်မြင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ


MNP ၊  ဩဂုတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် မြန်အောင်ခရိုင် ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်းအောင်မြင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၆ နာရီက မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က မြန်အောင်ခရိုင်အတွင်း မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်းအောင်မြင်ရေး၊ မိုးစပါး တစ်ဧက ၁၀ တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး၊ လာမည့်နှစ်တွင် တိုင်းလုံးကျွတ်ပိုက်ဆံလျော်ထည့်သွင်းစိုက်ပျိုးရေး မျိုးစုဆောင်းထားရှိမှုအခြေအနေ၊ ပီလောပီနံ တိုးချဲ့စိုက်ပျိုးရေးစသည်တို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက် လမ်းညွှန်ဆွေးနွေးခဲ့သည်။


ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ​ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးက မြန်အောင်ခရိုင်အတွင်း မိုးနေကြာလျာထားဧက(၆၀၀၀) ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးရေး၊ မိုးစပါးတစ်ဧက ၁၀ တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က မြို့နယ်အလိုက် မိုးနေကြာ၊ မိုးစပါး တစ်ဧက ၁၀ တင်း တိုးတက်ထွက်ရှိရေး၊ ပိုက်ဆံလျော်၊ သွင်းအားစုများ ဖြည့်ဆည်းပေးမှုအခြေအနေ၊ ပီလောပီနံစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)