မအီမြို့ ဝေကျေးရွာ အ ထ က(ခွဲ) တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဝေကျေးရွာ အ ထ က(ခွဲ) တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်






MNP ၊  ဩဂုတ်  ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ဝေကျေးရွာ အ ထ က(ခွဲ)တွင် အာဟာရရက်သတ္တပတ်အနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/ကျောင်းသူများအား သံကောင်ရောဂါ ကင်းဝေးစေရေးအတွက် သံချဆေးတိုက်ကျွေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ၌ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက အသိပညာပေးဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း‌ရန်အရေးကြီးကြောင်း၊ သို့မှသာ မိမိတို့၏လုပ်ငန်းတာဝန်များဖြစ်သော ပညာသင်ယူခြင်းလုပ်ငန်းကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသည် ကျန်းမာသော ကိုယ်ခန္ဓာ၊ ကျန်းမာသောစိတ်အတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်ပါကြောင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်သည်များကို အကြံပြု ဟောပြောခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက အခမ်းအနားသို့ တက်ရောက်လာကြသည့် မူလတန်းအရွယ်မှ အထက်တန်းအရွယ်အထိ ကျောင်းသား/ကျောင်းသူများအား သံချဆေးများ တိုက်ကျွေးပေးခဲ့သည်။


အဆိုပါ အခမ်းအနားကို ကျောက်ဝေကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူဦးရေ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အနေဖြင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းများကို အာဟာရရက်သတ္တပတ်ကာလအတွင်း၌ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများတွင် အချိန်နှင့် တပြေးညီ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)