ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိ ရပ်တန့်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိ ရပ်တန့်နေ



MNP ၊  ဩဂုတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိဘဲ ရပ်တန့်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၂၁  ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ သိရသည်။


ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းထွာခြင်းများအား တစ်ရက် သုံးကြိမ် တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၁၂ စင်တီမီတာအလိုတွင် ဧရာဝတီမြစ်ဆက်လက် မတက်ပဲရပ်တန့်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံမှ သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)