လက်ပံတန်းမြို့ ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား အိမ်သုံးပစ္စည်းများ ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့ ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား အိမ်သုံးပစ္စည်းများ ကူညီထောက်ပံ့



MNP ၊  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် နဘဲကွင်းအုပ်စု ရင်းတိုက်ကွင်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လက်ပံတန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နဘဲကွင်းကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအေးသန်းနှင့် တပ်ဖွဲ့ဝင်များက လေဘေးသင့်အိမ်ထောင်စု ၃၉ စုအား အသုံးအဆောင်ပစ္စည်း ၁၈ မျိုးပါ Hygiene Kit တစ်ပုံး၊ ရေသန့်ပုံးတစ်ပုံး၊ ဆေးစိမ်ခြင်ထောင်တစ်လုံးနှင့် စောင်တစ်ထည်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)