ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းတော်မြို့နယ်ရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း အင်းတော်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းတော်မြို့နယ်ရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း အင်းတော်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

 



MNP ၊  ဩဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။


ကျောင်းသူ/ကျောင်းသားများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ရရှိလာသည့် ဗဟုသုတများကို ပတ်ဝန်းကျင်အတွက် မျှဝေအသုံးချတတ်လာစေရေး၊ ဆွေးနွေးဟောပြောသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေး၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် တတ်လာစေရေးတို့အတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ဆွေးနွေးဟောပြောမည့် ကျောင်းသူ/ကျောင်းသားများ နေရာယူခဲ့ကြပြီး အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် G–11 မှ မအေးအေးမျိုးက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G–10 မှ မောင်အောင်ကျော်ခန့်က လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G–9 မှ မောင်ညီညီအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ G–8 မှ မမြယမင်းခက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပြီးနောက် ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော သက်ဆိုင်ရာ တာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၅၅၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်သီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)