မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ



MNP ၊  ဩဂုတ်  ၂၁

အဋ္ဌမအကြိမ်မြောက်မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး၏ တွဲဆိုင်းခြောက်ဆိုင်းကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။


၈၀ ကီလိုတန်း ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ပွဲစဥ်တွင် ထွန်းထွန်းမင်းက ထိုးနေကျပုံစံအတိုင်း အားပါသောလက်သီးထိုးချက်၊ ခြေကန်ချက်များဖြင့် တိုက်စစ်ဆင်ထိုးသတ်ခဲ့သလို သွေးသစ်ဝင်းလှိုင်ကလည်း အမှားကိုစောင့်ကာ ထောက်လက်သီး၊ ဝိုက်လက်သီးများဖြင့် တန်ပြန်ထိုးသတ်ခဲ့သည်။ နှစ်ဦစလုံးထိုးကွင်းထိုးကွက် သတ်ကွင်းသတ်ကွက်အစုံအလင်ဖြင့် ပညာကုန်ထုတ်ယှဥ်ပြိုင်ခဲ့ကြ၍ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သော်လည်း ငါးချီပြီးဆုံးသည်အထိ အနိုင်အရှုံးမပေါ်ဘဲ အလူးအလဲနှင့်ပူးတွဲသရေသာဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ်ထိုးသတ်ခဲ့စဉ်က သွေးသစ်၀င်းလှိုင်ကအမှတ်ဖြင့် အနိုင်ရရှိထားခဲ့ခြင်းကြောင့် မြန်မာပြည်ချန်ပီယံအသစ် ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။


၇၅ ကီလိုတန်း ထွန်းမင်းအောင်(မြန်မာ)နှင့် Tokeshi(ဂျပန်) တို့ပွဲစဥ်တွင် ထွန်းမင်းအောင်က ခြေကန်ချက်၊ ဒူးတိုက်ချက်များဖြင့် တရစပ်တိုက်စစ်ဆင်ယှဥ်ပြိုင်ခဲ့ပြီး Tokeshi ကလည်း တံတောင်ရိုက်ချက်၊ ခေါင်းတိုက်ချက်များဖြင့် ပြန်လည်ခုခံထိုးသတ်ခဲ့သည်။ ငါးချီပြီးဆုံးသည်အထိ သူတင်ကိုယ်တင် ယှဥ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲသရေသာ ဖြစ်ခဲ့သည်။


ထို့နောက် ၇၁ ကီလိုတန်း၌ ကျော်စွာဝင်း(မြန်မာ)နှင့် အာဝသန်(ထိုင်း)တို့ပွဲစဥ်တွင် ကျော်စွာဝင်းက ဘယ်ညာ လက်သီးတွဲလုံးများဖြင့် တိုက်စစ်ဆင်ထိုးသတ်ခဲ့သလို အာဝသန်ကလည်းတံတောင်ရိုက်များဖြင့်အားပြု၍ တန်ပြန်ထိုးသတ်ခဲ့သည်။ ငါးချီပြီးဆုံးသည်အထိရေကုန်ရေခန်းထိုးသတ်ကြသော်လည်းအရှုံးအနိုင်မပေါ်ဘဲအလူးအလဲနှင့်ပူးတွဲသရေသာ ဖြစ်ခဲ့ရသည်။


၆၃ ဒသမ ၅ ကီလိုတန်း ငါးချီစိန်ခေါ်ပွဲဖြစ်သည့် စိန်လုံးချောနှင့် မိုးထက်အောင်တို့ပွဲစဥ်တွင် မိုးထက်အောင်၏ အားပါပြင်းထန်သည့် လက်သီးထိုးချက်ကြောင့် တတိယအချီတွင် စိန်လုံးချော အနားတောင်းခဲ့ရပြီး စတုတ္ထအချီ ၁ မိနစ် ၃၂ စက္ကန့်တွင် မိုးထက်အောင်က အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။


၆၅ ကီလိုတန်း ဟံသာဝတီနှင့် စီတိုးတို့ ပွဲစဥ်တွင် နှစ်ဦးစလုံး ပညာကုန်ထုတ်ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း လေးချီပြီးဆုံးသည်အထိ အနိုင်အရှုံးမပေါ်၍ အလူးအလဲဖြင့် ပူးတွဲသရေဖြစ်ခဲ့သည်။


လေးချီစိန်ခေါ်ပွဲ ၅၄ ကီလိုတန်းတိုင်းကျော်နှင့် ဝူဒေါ်ဒိုတို့ပွဲစဥ်တွင် ဖွင့်ထိုးခဲ့သဖြင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ရှိခဲ့ပြီး ပထမအချီတွင်တိုင်းကျော်အမှတ်စဥ်ရေတွက်ခံခဲ့ရသလို ဒုတိယအချီတွင် ဝူသော်ဒို အမှတ်စဥ်နှစ်ကြိမ်ရေတွက်ခံခဲ့ရကာ အနားတောင်းခဲ့ရသည်။ တတိယအချီ ၁ မိနစ် ၆ စက္ကန့်တွင် ဝူသော်ဒိုဆက်လက်ယှဥ်ပြိုင်နိုင်ခြင်းမရှိ၍ တိုင်းကျော်က အနိုင်ရရှိခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်း‌ဒေသကြီး၀န်ကြီးများတက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)