MNP ၊ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းကို အဓိကစိုက်ပျိုးသောဒေသတစ်ခုဖြစ်ပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
“ကျွန်တော် ဒီနှစ် အစေ့ထုတ်ပြောင်းသီးနှံကို ပဲစင်းငုံနဲ့ရောပြီး နှစ်ဧကစိုက်ပျိုးထားပါတယ်။ ရာသီဥတုကလည်း ပြောင်းသီနှံအကြိုက်ဖြစ်တော့ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု မကျီးအင်းကျေးရွာ အစေ့ထုတ်ပြေင်းစိုက် တောင်သူတစ်ဦးက ပြောပြသည်။
အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ်ပညာပေးခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မြေဩဇာစနစ်တကျထည့်သွင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ နှစ်ရှည်ပင်များ စိုက်ပျိုးကြပြီး လက်ရှိအချိန်ထိ အစေ့ထုတ်ပြောင်း ၁၄၉၉၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment