တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ



MNP ၊ ဩဂုတ် ၂၀

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်  နေပြည်တော်၊ ပျဉ်းမနားမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊  သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပျဉ်းမနားမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တဝိစက္ခဏထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် များရွတ်ပွား သရဇ္ဇျာယ်သည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။

ဆက်လက်၍ အောင်စည်သာကျောင်းတိုက် ဆရာတော်ထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လည်းကောင်း၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ဆရာတော်ထံ စစ်ဦးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ကလည်းကောင်း၊ မာန်အောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကလည်းကောင်း၊ အုန်းတော ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းကလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ဆီ၊ ဆား၊ ပဲ၊ ဆေးများအား အောင်စည်သာကျောင်း တိုက် ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား  ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နှင့် စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့က လက်ခံရယူ ကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီး တစ်ဦးက ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ  အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အား ရုပ်သိမ်းသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၂၆၁၀၀၀၀ ကျပ်၊ ဆန် ၉၉၇ အိတ် ၈ ပြည်၊ ဆီ ၂၉၂ ဒသမ ၂၀ ပိဿာ၊ ပဲ ၂၇၉၇ ပိဿာ၊ ဆား ၂၇၉၇ ပိဿာ၊ ဆေးမျိုးစုံ ၃၄၈၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)