ပြည်ပသို့ထွက်ခွါသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ငွေကြေးအမျိုးအစား (၇) မျိုး ရောင်းချပေးလျက်ရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပသို့ထွက်ခွါသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ငွေကြေးအမျိုးအစား (၇) မျိုး ရောင်းချပေးလျက်ရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန်



MNP ၊ သြဂုတ် ၂၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပသို့ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားများဝယ်ယူနိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်ထားရာ ပြည်ပသို့ထွက်ခွါသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် လဲလှယ်ရယူနိုင်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။


ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြု ထားသည့် ငွေကြေးအမျိုးအစား (၇) မျိုး (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း) တိုအား ရောင်းဝယ်ရန် ခွင့်ပြု ထားကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ် နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင် သွားရောက်မည့်သူများအား တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား) ရောင်းချခြင်းကို (၃၁-၅-၂၀၂၃) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင် ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ ၃ ခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဉ်အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်း၊ လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူ ရရှိနိုင်သည့်ဘဏ်ကောင်တာများမှာ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL၊ CB Bank PCL ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် ၊ ရိုးမဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံဖြိုးရေးဘဏ်လီမိတက် ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့၏ ကောင်တာများတွင် ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)