အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သိုမဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို ၆လ အထိ ကိုင်ဆောင်ခွင့်ရှိပြီး ကျော်လွန်လျှင် ရောင်းချလဲလှယ်ခြင်း သိုမဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သိုမဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို ၆လ အထိ ကိုင်ဆောင်ခွင့်ရှိပြီး ကျော်လွန်လျှင် ရောင်းချလဲလှယ်ခြင်း သိုမဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်


MNP ၊ သြဂုတ် ၂၀

ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေကိုင်ဆောင်မှုနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ထားရာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သိုမဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို ၆လ အထိ ကိုင်ဆောင်ခွင့်ရှိပြီး ကျော်လွန်လျှင် ရောင်းချလဲလှယ်ခြင်း သိုမဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃၀-၉-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာချက်အတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှု လုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃၀-၉-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌နေထိုင်သူ တစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သိုမဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆လ အတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲ ရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သိုမဟုတ် ဘဏ်စာရင်းသို ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အတိအလင်း ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ် ကိုင်ဆောင်ထားသည်ကိုတွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်မံသတိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)