MNP ၊ ဩဂုတ် ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကွမ်းလုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဒုတိယဦးစီးမှူး ဦးနိုင်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိုးစပါးစိုက်ပျိုးသည့် တောင်သူများတက်ရောက်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးလွင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့်သွင်းအားစုများ အသုံးပြု၍ အထွက်နှုန်းပိုမိုတိုးတက်စေရန်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာ များကို ရှင်းလင်းမျှဝေပေးသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်စု (၃) အုပ်စုမှ မိုးစပါး မျိုးစေ့ထုတ်(၁၃)ဧကနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး(၁၂)ဧကအတွက် ဓါတ်မြေဩဇာ (၂၅) အိတ်ကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment