လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေး


ရန်ကုန်၊ ဩဂုတ် ၂၃

လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံမှ သံရုံးများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong တို့နှင့်အတူ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပြီး ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှု ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဒေသတွင်း၌ လောင်းကစားနှင့် လိမ်လည်မှုပြဿနာများ ဆိုးရွားလျက်ရှိပြီး တရုတ်၊ ထိုင်း၊ လာအို အပါအဝင် ဒေသတွင်းနိုင်ငံများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်လျက်ရှိသည်ဟု သုံးနိုင်ငံမှ တညီတညွတ်တည်း ယူဆကြကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ အဆိုပါ သုံးနိုင်ငံမှ သံရုံးများသည် ယင်းအပေါ်များစွာဂရုပြုလျက်ရှိပြီး လုပ်ငန်းများဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ အကူအညီတောင်းခံခြင်း စသည့်တောင်းဆိုချက်များအတွက် ထိုသုံးနိုင်ငံမှ သံရုံးများသည် မြန်မာနိုင်ငံနှင့် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်ပြီး ရှာဖွေစစ်ဆေးကယ်ဆယ်မှုများ ဆောင်ရွက်ကာ လောင်းကစားနှင့် လိမ်လည်မှုများ လုပ်ဆောင်နေသည့်အုပ်စုများကို တိုက်ဖျက်နိုင်စွမ်း ပိုမိုအားကောင်းလာစေရန် မြန်မာနိုင်ငံအား ကူညီပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မကြာသေးမီက တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ၍ ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ၊ ယင်းမှတစ်ဆင့်ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့်ရာဇဝတ်မှုများကိုအထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံမှသံရုံးများသည် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်၍ မြန်မာနိုင်ငံနှင့် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများအကြား သက်ဆိုင်ရာသဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ထောက်ခံအားပေးကာ ပြင်းထန်သော တိုက်ဖျက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ရာဇဝတ်မှုဖြစ်ပွားမှုများ မြင့်မားလာမှုအခြေအနေကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကြောင်း သုံးနိုင်ငံမှ အလေးပေးပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)